ရွှေဘိုမြို့နယ် ကျေးရွာများအတွင်း လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၃ ခုနှစ်၊ ဇန္နဝါရီလ ၁၆ ရက်။

ရွှေဘိုမြို့နယ်ထဲရှိ ကျေးရွာအချို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်ကြီး/ငယ်များဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ရွာသားများ ထွက်ပြေး တိမ်းရှောင်နေရသည့်အပြင် သံဃာတော်တစ်ပါးလည်း လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့ရသည်ဟု ဒေသ ခံရွာသားများက ပြောသည်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းရှိ မောင်းတက်ကျေးရွာနှင့် အုန်းပေါက်ကျေးရွာက စစ်ကောင်စီတပ်ဖွဲ့ဝင် များ စစ်ကြောင်းထိုး ဝင်ရောက်လာသည့်အတွက် ရွာသားများ ထွက်ပြေးတိမ်းရှောင်ရင်း သံဃာတော် ဦးစက္ကပါ လ အား လက်နက်ငယ်ကျည်စထိမှန်သွားခြင်း ဖြစ်သည်။

ရွာသား တစ်ဦးက “ခလရ ၁၂ က ရွှေဘိုမြို့နယ် အုန်းပေါက်ရွာက သံဃာတော်တပါးကို လက်နက်ငယ်နဲ့ ပစ်ခတ် ခံရတာပါ။ စကစက ရွေဘိုနယ်ထဲက မောင်းတက်နဲ့ အုန်းပေါက်ကို အကြမ်း စီးနင်းဝင်လာလို့ ပြည်သူတွေက ထွက်ပြေးရတာ။ အဲ့မှာ အုန်းပေါက်ကနေ ရွှေဘိုမြို့ပေါ်ကို စစ်ရှောင်ဖို့သွားတဲ့ သံဃာတော်တစ်ပါးစီးလာတဲ့ ကားကို စစ်တပ်က လက်နက်ငယ်တွေနဲ့ ပစ်တာပါ။ အဲ့ဒီသံဃာတော်က ပခုံးမှာ ကျည်ရှပ်ထိမှန်သွားတယ်” ဟု ပြောသည်။

ဇန္နဝါရီလ ၁၃ ရက်နေ့၊ နံနက် ၆ နာရီအချိန်တွင် စစ်ကောင်စီလက်အောက်ခံ ခလရ-၁၂ တပ်ရင်းက ရွှေဘိုမြို့ နယ်အတွင်းရှိ မောင်းတက်ကျေးရွာနှင့် အုန်းပေါက်ကျေးရွာထဲသို့ စီးနင်းဝင်ရောက်လာသည့်အတွက် ရွာသား များက ဘေးလွတ်ရာသို့ ထွက်ပြေးနေရသည်ဟု ဒေသခံများက ပြောသည်။

ထိုသို့ ထွက်ပြေးရင် ရွှေဘိုမြို့ပေါ်သို့ စစ်ဘေးရှောလာသည့် သံဃာတော် ဦးစက္ကပါလ စီးနင်းလာသော ကားကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝိုင်းကာ ပစ်ခတ်ခဲ့သည့်အတွက် ကျည်ရှပ်ထိမှန်ကာ ဒဏ်ရာရသွားသည်ဟု ဆို သည်။

အလားတူ မောင်းတက်ကျေးရွာ ဒေသခံရွာသား အယောက် ၃၀ ကျော်ကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီး ထားသည်ဟု ဒေသခံများက ပြောသည်။

ရွှေဘိုမြို့နယ်အတွင်း မောင်းတက်ကျေးရွာနှင့် အုန်းပေါက်ကျေးရွာတို့ကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၂ ရက် နေ့ တုန်းကလည်း စစ်ကောင်တပ်က ပစ်ခတ် ဝင်ရောက် စီးနင်းကြောင်းခဲ့ရာ ရွာသားများ ရွာနှင့်ချီက ဘေးလွတ် ရာကို ထွက်ပြေးခဲ့ကြရသေးသည်။

မောင်းတက်နှင့် အုန်းပေါက်ကျေးရွာက ရွာသားများ စစ်ဘေးရှောင်နေရသည့် အခြေအနေများနှင့် မောင်းတက် ကျေးရွာက ဖမ်းဆီးခံထားရသည့် ဒေသခံ အယောက် ၃၀ ကျော်၏ နောက်ဆက်တွဲအခြေအနေများကို သတင်း နှင့်မီဒီယာကွန်ရက် သတင်းဌာနအနေဖြင့် အသေးစိတ်သိရှိနိုင်ရေး ဆက်လက်စုံစမ်းနေစဲ ဖြစ်သည်။