လွိုင်လင်လေး စစ်ရှောင်များ ဆေး၊ စောင်၊ ခြင်ထောင်နှင့် တဲများ လိုအပ်နေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်။

ကယားပြည်နယ် လွိုင်လင်လေးမြို့နယ်ထဲတွင် စစ်ရှောင် တစ်သောင်းကျော် ရှိလာပြီး ဆေးဝါး များ၊ စောင်၊ ခြင်ထောင်နှင့် နေထိုင်စရာ တဲများဆောက်ရန် မိုးကာများ လိုအပ်နေသည်ဟု စစ်ရှောင်များကို ကူညီနေသူများက ပြောသည်။

၎င်းတို့မှာ လွိုင်လင်လေးမြို့ အရှေ့ဘက် တီးလုံနှင့် ထီးစဲခါးကျေးရွာအုပ်စုထဲရှိ ကျေးရွာပေါင်း ၂၀ ကျော်က ပြည်သူများဖြစ်ပြီး ယခုလ ၁၂ ရက်နေ့နှင့် ၁၄ ရက်နေ့ ဖြစ်ပွားခဲ့သည့် ကရင်နီတပ်မတော် KA နှင့် စစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲများကြောင့် စစ်ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရသူများ ဖြစ်သည်။

စစ်ရှောင်များအား ကူညီပေးနေသူ တစ်ဦးက “အကြမ်းဖျင်းကတော့ စစ်ရှောင်က တစ်သောင်းကျော်။ မိုးကာ တွေ၊ ဆေးဝါးတွေ၊ ပြီး တော့ စောင်တွေ၊ ခြင်ထောင်တွေ၊ အဲ့ဒါတွေက လောလော ဆယ် အခြေအနေအရ လို အပ်နေသေးတယ်ပေါ့နော်။ ကျန်တဲ့ဟာက မလိုအပ်တာတော့ မဟုတ်ဘူး။ လိုအပ်တယ်။ ဒါပေမယ့် လောလော ဆယ် ဒီလတ်တလော အရေးတကြီး လိုအပ်တာတွေဖြစ်တော့ အဲ့ဒါတွေပဲ လုပ်ပေး ဖြစ်တယ်” ဟု ပြောသည်။

လက်ရှိပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများ၊ စစ်ရေးပဋိပက္ခများအပြင် COVID-19 ရောဂါ ကူးစက်မှု မြင့်တက်နေသည့် အခြေအနေကြောင့် လိုအပ်နေသည့် ဆေးဝါးများနှင့် အသုံးအဆောင် ပစ္စည်းများကို မပို့ပေး နိုင်သည့်အတွက် အကူအညီများ ရောက်သင့်သလောက် မရောက်နိုင်သည့်အတွက် အခက်အခဲများနှင့် ရင်ဆိုင် နေရခြင်း ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

“ဒီလတ်တလော ကိုဗစ်ကြောင့်ပေါ့နော် ရောဂါကလည်း အခြေအနေနည်းနည်းဆိုးတယ်လေ ဒီလွိုင်ကော်မှာက လည်း Positive လူနာကလည်း များလာတယ်လေ။ ကျမတို့ ဒီတော်တော်များများနေရာတွေ Lock down ချ ထားတာများတယ်လေ။ အဲ့တော့ ကျမတို့ သွားရလာရတာခက်ခဲနေတာတစ်ခုရယ်။ ပြီးတော့မှ စစ်ရေး အခြေ အနေကလည်း တည်တည်ငြိမ်ငြိမ်မရှိသေးတော့လေ။ တချို့မိန်းလမ်းတွေသွားလာရတာလည်း အဆင်မပြေ သေးဘူးလေ။ ဒုက္ခသည်တွေကို ကူညီတဲ့လူတွေဆိုရင် စစ်တယ်၊ ပစ္စည်းတွေဘာတွေသိမ်းတာမျိုးတွေရှိနေတော့ သွားရလာရတာ အခက်အခဲဖြစ်တယ်။”

စစ်ရှောင်များသည် စားနပ်ရိက္ခာအတွက် တစ်ပတ်စာခန့်သာ ပြင်ဆင်လာခြင်းဖြစ်သည့်အတွက် စစ်ရှောင်ရသည့် ရက်ပို ကြာလာမည်ဆိုပါက စားနပ်ရိက္ခာအခက်အခဲလည်း ရှိလာနိုင်သည်ဟု စစ်ရှောင်များက ပြောသည်။

လက်ရှိတွင် လွိုင်လင်လေးမြို့နယ်ထဲ တိုက်ပွဲဖြစ်ပွားခြင်းမျိုး မရှိသော်လည်း စစ်ကောင်စီတပ်များက ကျေးရွာ များထဲ ဝင်ထွက်သွားလာ လှုပ်ရှားမှုများရှိနေသည့်အတွက် စစ်ရှောင်များအနေဖြင့် ရွာထဲသို့ ပြန်နေရန်လည်း အဆင်မပြေသေးဘူးဟု စစ်ရှောင်များနှင့် အကူညီပေးနေသူများက ပြောသည်။

“အခြေအနေက စစ်ရှောင်တွေက အိမ်တော့ မပြန်သေးဘူး။ ဒီတိုင်းတောထဲမှာပဲ ရှိနေကြသေးတယ်။ အခြေအ နေကတော့ ငြိမ်နေတယ်။ စစ်ရေးလှုပ်ရှားမှုတွေရှိနေသေးတယ်။ ရွာတွေထဲမှာ တပ်စွဲထားတွေရှိနေသေး တယ်” ဟု ဒေသခံတစ်ဦး က ပြောသည်။

လွိုင်လင်လေးမြို့နယ်အတွင်းက စစ်ရှောင်တစ်သောင်းကျော်သည် လက်ရှိတွင် တောတောင်များထဲတွင် နေထိုင် နေကြရပြီး ၎င်းတို့အနေဖြင့် ကျေးရွာထဲတွင်ကျန်ခဲ့သည့် သက်ကြီးရွယ်အိုများအတွက်လည်း စိတ်ပူနေသည်ဟု ဆိုသည်။

ထို့အပြင် ကယားပြည်နယ် ဘောလခဲမြို့နယ်ထဲတွင်လည်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ KNDF၊ ကရင်နီတပ်မတော် K A ပူးပေါင်းတပ်တို့နှင့် စစ်ကောင်စီတပ်တို့အကြား ဇူလိုင်လ ၁၆ ရက်နေ့က တိုက်ပွဲ နာရီ ဝက်ကျော်အကြာ ဖြစ်ပွားခဲ့သေးသည်ဟု KNDF က ပြောသည်။

၎င်းတိုက်ပွဲအတွင်း စစ်ကောင်စီတက်ဖက်က ထိခိုက်သေဆုံးမှုများရှိသည် ဟု KNDF က ပြောဆိုထားသော် လည်း မြေပြင် အခြေအနေကို NMG အနေဖြင့် သီးခြား အတည်ပြု၍ မရသေးပေ။ သို့သော် ထိုတိုက်ပွဲကြောင့် နန်းဖဲကျေးရွာ ပြည်သူများ စစ်ဘေးလွတ်ရာသို့ ထွက်ပြေးနေကြရသည်ဟု သိရသည်။

ဓါတ်ပုံ – PKPF (ပုံဟောင်းအသုံးပြုထားသည်)

*** ZAWGYI ***
လြိဳင္လင္ေလး စစ္ေရွာင္မ်ား ေဆး၊ ေစာင္၊ ျခင္ေထာင္ႏွင့္ တဲမ်ား လိုအပ္ေန

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ဇူလိုင္လ ၁၇ ရက္။

ကယားျပည္နယ္ လြိဳင္လင္ေလးၿမိဳ႕နယ္ထဲတြင္ စစ္ေရွာင္ တစ္ေသာင္းေက်ာ္ ရွိလာၿပီး ေဆးဝါး မ်ား၊ ေစာင္၊ ျခင္ေထာင္ႏွင့္ ေနထိုင္စရာ တဲမ်ားေဆာက္ရန္ မိုးကာမ်ား လိုအပ္ေနသည္ဟု စစ္ေရွာင္မ်ားကို ကူညီေနသူမ်ားက ေျပာသည္။

၎တို႔မွာ လြိဳင္လင္ေလးၿမိဳ႕ အေရွ႕ဘက္ တီးလုံႏွင့္ ထီးစဲခါးေက်း႐ြာအုပ္စုထဲရွိ ေက်း႐ြာေပါင္း ၂၀ ေက်ာ္က ျပည္သူမ်ားျဖစ္ၿပီး ယခုလ ၁၂ ရက္ေန႔ႏွင့္ ၁၄ ရက္ေန႔ ျဖစ္ပြားခဲ့သည့္ ကရင္နီတပ္မေတာ္ KA ႏွင့္ စစ္ေကာင္စီတပ္တို႔ အၾကား တိုက္ပြဲမ်ားေၾကာင့္ စစ္ေဘးလြတ္ရာကို ထြက္ေျပးတိမ္းေရွာင္ေနၾကရသူမ်ား ျဖစ္သည္။

စစ္ေရွာင္မ်ားအား ကူညီေပးေနသူ တစ္ဦးက “အၾကမ္းဖ်င္းကေတာ့ စစ္ေရွာင္က တစ္ေသာင္းေက်ာ္။ မိုးကာ ေတြ၊ ေဆးဝါးေတြ၊ ၿပီး ေတာ့ ေစာင္ေတြ၊ ျခင္ေထာင္ေတြ၊ အဲ့ဒါေတြက ေလာေလာ ဆယ္ အေျခအေနအရ လို အပ္ေနေသးတယ္ေပါ့ေနာ္။ က်န္တဲ့ဟာက မလိုအပ္တာေတာ့ မဟုတ္ဘူး။ လိုအပ္တယ္။ ဒါေပမယ့္ ေလာေလာ ဆယ္ ဒီလတ္တေလာ အေရးတႀကီး လိုအပ္တာေတြျဖစ္ေတာ့ အဲ့ဒါေတြပဲ လုပ္ေပး ျဖစ္တယ္” ဟု ေျပာသည္။

လက္ရွိျပည္နယ္အတြင္း ျဖစ္ပြားေနသည့္ တိုက္ပြဲမ်ား၊ စစ္ေရးပဋိပကၡမ်ားအျပင္ COVID-19 ေရာဂါ ကူးစက္မႈ ျမင့္တက္ေနသည့္ အေျခအေနေၾကာင့္ လိုအပ္ေနသည့္ ေဆးဝါးမ်ားႏွင့္ အသုံးအေဆာင္ ပစၥည္းမ်ားကို မပို႔ေပး ႏိုင္သည့္အတြက္ အကူအညီမ်ား ေရာက္သင့္သေလာက္ မေရာက္ႏိုင္သည့္အတြက္ အခက္အခဲမ်ားႏွင့္ ရင္ဆိုင္ ေနရျခင္း ျဖစ္သည္ဟု ၎က ဆက္ေျပာသည္။

“ဒီလတ္တေလာ ကိုဗစ္ေၾကာင့္ေပါ့ေနာ္ ေရာဂါကလည္း အေျခအေနနည္းနည္းဆိုးတယ္ေလ ဒီလြိဳင္ေကာ္မွာက လည္း Positive လူနာကလည္း မ်ားလာတယ္ေလ။ က်မတို႔ ဒီေတာ္ေတာ္မ်ားမ်ားေနရာေတြ Lock down ခ် ထားတာမ်ားတယ္ေလ။ အဲ့ေတာ့ က်မတို႔ သြားရလာရတာခက္ခဲေနတာတစ္ခုရယ္။ ၿပီးေတာ့မွ စစ္ေရး အေျခ အေနကလည္း တည္တည္ၿငိမ္ၿငိမ္မရွိေသးေတာ့ေလ။ တခ်ိဳ႕မိန္းလမ္းေတြသြားလာရတာလည္း အဆင္မေျပ ေသးဘူးေလ။ ဒုကၡသည္ေတြကို ကူညီတဲ့လူေတြဆိုရင္ စစ္တယ္၊ ပစၥည္းေတြဘာေတြသိမ္းတာမ်ိဳးေတြရွိေနေတာ့ သြားရလာရတာ အခက္အခဲျဖစ္တယ္။”

စစ္ေရွာင္မ်ားသည္ စားနပ္ရိကၡာအတြက္ တစ္ပတ္စာခန႔္သာ ျပင္ဆင္လာျခင္းျဖစ္သည့္အတြက္ စစ္ေရွာင္ရသည့္ ရက္ပို ၾကာလာမည္ဆိုပါက စားနပ္ရိကၡာအခက္အခဲလည္း ရွိလာႏိုင္သည္ဟု စစ္ေရွာင္မ်ားက ေျပာသည္။

လက္ရွိတြင္ လြိဳင္လင္ေလးၿမိဳ႕နယ္ထဲ တိုက္ပြဲျဖစ္ပြားျခင္းမ်ိဳး မရွိေသာ္လည္း စစ္ေကာင္စီတပ္မ်ားက ေက်း႐ြာ မ်ားထဲ ဝင္ထြက္သြားလာ လႈပ္ရွားမႈမ်ားရွိေနသည့္အတြက္ စစ္ေရွာင္မ်ားအေနျဖင့္ ႐ြာထဲသို႔ ျပန္ေနရန္လည္း အဆင္မေျပေသးဘူးဟု စစ္ေရွာင္မ်ားႏွင့္ အကူညီေပးေနသူမ်ားက ေျပာသည္။

“အေျခအေနက စစ္ေရွာင္ေတြက အိမ္ေတာ့ မျပန္ေသးဘူး။ ဒီတိုင္းေတာထဲမွာပဲ ရွိေနၾကေသးတယ္။ အေျခအ ေနကေတာ့ ၿငိမ္ေနတယ္။ စစ္ေရးလႈပ္ရွားမႈေတြရွိေနေသးတယ္။ ႐ြာေတြထဲမွာ တပ္စြဲထားေတြရွိေနေသး တယ္” ဟု ေဒသခံတစ္ဦး က ေျပာသည္။

လြိဳင္လင္ေလးၿမိဳ႕နယ္အတြင္းက စစ္ေရွာင္တစ္ေသာင္းေက်ာ္သည္ လက္ရွိတြင္ ေတာေတာင္မ်ားထဲတြင္ ေနထိုင္ ေနၾကရၿပီး ၎တို႔အေနျဖင့္ ေက်း႐ြာထဲတြင္က်န္ခဲ့သည့္ သက္ႀကီး႐ြယ္အိုမ်ားအတြက္လည္း စိတ္ပူေနသည္ဟု ဆိုသည္။

ထို႔အျပင္ ကယားျပည္နယ္ ေဘာလခဲၿမိဳ႕နယ္ထဲတြင္လည္း ကရင္နီအမ်ိဳးသားမ်ား ကာကြယ္ေရးတပ္ဖြဲ႕ KNDF၊ ကရင္နီတပ္မေတာ္ K A ပူးေပါင္းတပ္တို႔ႏွင့္ စစ္ေကာင္စီတပ္တို႔အၾကား ဇူလိုင္လ ၁၆ ရက္ေန႔က တိုက္ပြဲ နာရီ ဝက္ေက်ာ္အၾကာ ျဖစ္ပြားခဲ့ေသးသည္ဟု KNDF က ေျပာသည္။

၎တိုက္ပြဲအတြင္း စစ္ေကာင္စီတက္ဖက္က ထိခိုက္ေသဆုံးမႈမ်ားရွိသည္ ဟု KNDF က ေျပာဆိုထားေသာ္ လည္း ေျမျပင္ အေျခအေနကို NMG အေနျဖင့္ သီးျခား အတည္ျပဳ၍ မရေသးေပ။ သို႔ေသာ္ ထိုတိုက္ပြဲေၾကာင့္ နန္းဖဲေက်း႐ြာ ျပည္သူမ်ား စစ္ေဘးလြတ္ရာသို႔ ထြက္ေျပးေနၾကရသည္ဟု သိရသည္။

ဓါတ္ပုံ – PKPF (ပုံေဟာင္းအသုံးျပဳထားသည္)