ဖက်ဒရယ်ဖော်ဆောင်ရန်အတွက် တိုင်းရင်းသား ပါတီများ ပူးပေါင်းလုပ်ဆောင်ရန် ဆွေးနွေး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်။
တိုင်းရင်းသား မိတ် ဖက် ပါတီ ၅ ခုမှ လူငယ်များက ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ အောင်နိုင်ရေး မဟာဗျူဟာ ရေးဆွဲနိုင်ရန်အတွက် ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးနေသည်။
KSPP ပါတီမှ လူငယ်ရေးရာ တာဝန်ခံ နော်ခုန့်က “ကျနော်တို့ အတူတူ အလုပ်လုပ်နေတာဟာ အစိုးရဖွဲ့ နိုင်သော ပါတီဆိုတဲ့ဟာ မြန်မာပြည်မှာ သီးသန့် မရှိပါဘူး ဆိုတဲ့ဟာကို ကျနော်တို့က ပြချင်တယ်။ ကျနော်တို့ တိုင်းရင်းသားတွေ မပါပဲနဲ့ အစိုးရ ဖွဲ့နိုင်တဲ့ပါတီက သီးသန့်မရှိပါဘူး။ အဲဒါကို message ပေးချင်တယ်။ ကျနော်တို့တွေ တိုင်းရင်းသားတွေ ပါလာမှသာလျှင် ၅၀ ရာခိုင်နှုန်းကျော်တဲ့ဟာ ကို ပါတီကြီးတစ်ခုခုက ရရှိမှာ ဖြစ်တယ်။” ဟု ပြောသည်။
ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP၊ မွန်ညီညွတ်ရေးပါတီ MUP၊ ကယား ပြည်နယ် ဒီမိုကရက်တစ်ပါတီ KSDP၊ ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် CNLD၊ ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ KNDP စသည့် ပါတီ ၅ ခုမှ လူငယ်များက ၂၀၂၀ ရွေးကောက်ပွဲ အောင်နိုင်ရေး မဟာဗျူဟာ ရေးဆွဲနိုင်ရန် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ KSPP ပါတီ ဗဟိုရုံးချုပ်တွင် တွေ့ဆုံဆွေးနွေး နေကြခြင်းဖြစ်သည်ဟု KSPP ပါတီမှ လူငယ်ရေးရာ တာဝန်ခံ နော်ခုန့်က ပြောသည်။
“ကျနော်တို့တွေ အတူတကွ မိတ်ဖက်ပါတီများဟာ ပူးပေါင်းပြီးမှ အလုပ်လုပ်နေပါပြီဆိုတဲ့ message ကို လူထုကို သိစေချင်တယ်။ အခုက ကျနော်တို့ ပူးပေါင်းလိုက်ပြီ ဆိုတဲ့အချိန်မှာ ကျနော်တို့ဟာ အင်အားစု တစ်ခုအဖြင့် ကျနော်တို့ တည်ရှိနေပြီဆိုတဲ့ဟာကို ဖော်ပြချင်တဲ့ဟာအတွက်ကြောင့်ရယ် ဒါ ပထ မ အချက်။ နောက်ဒုတိယအချက်ကတော့ လူထုက ဒါကိုယုံကြည်အားဖြင့် ကျနော်တို့ ပြည်နယ်မှာ ကိုယ် စားပြုအဖြစ် ဖြစ်လာတဲ့ မိတ်ဖက် ၅ ပါတီပေါ့နော်။ အကုန်လုံးက ဒီလာမယ့် ရွေးကောက်ပွဲမှာ အနိုင်ရရှိတဲ့ မဟာဗျူဟာတွေကို ကျနော်တို့ ရေးဆွဲကြမယ်ဆိုတဲ့ အစီအစဉ်ဖြစ်ပါတယ်” ဟု ပြောသည်။
ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ KSDP ပါတီမှ လူငယ်ကိုယ်စားလှယ် ခူးဂျိုးဇက်ကလည်း “အဓိက ၂၀၂၀ အတွက် ပါတီအောင်နိုင်ရေးကို ဘယ်လိုသွားမလဲ။ ကျနော်တို့ ဗျူဟာတွေ အမြင် ဖလှယ်တယ်ပေါ့ နော်။ ကျနော်တို့ ပါတီအချင်းချင်းပေါ့။ ကျနော်တို့ အဓိက အမြင်မတူတဲ့ အမြင်တွေကို ကျနော်တို့ လာစု ပေါင်းပြီးတော့မှ ဖလှယ်တယ်ဆိုတော့ ကျနော်တို့ ပြည်နယ်အတွက် ကောင်းကောင်းလေး ကျနော်တို့ ပြန် အသုံးချနိုင်အောင် ဒါဖလှယ်တဲ့သဘောပါပဲ” ဟု ပြောသည်။
တွေ့ဆုံဆွေးနွေးပွဲကို ဇူလိုင်လ ၂၉ ရက်နေ့မှ ၃၀ ရက်နေ့အထိ ပြုလုပ်မည်ဖြစ်ပြီး ယခုတွေ့ဆုံ ဆွေးနွေးပွဲမှ မြန်မာနိုင်ငံ၏ နိုင်ငံရေး အခင်းအကျင်း အနေအထား တစ်ခုကို ပြည်သူများအား သတင်းစကားပေးချင် သည့် အချက်လည်းပါသည် ဟု KSPP ပါတီမှ လူငယ်ရေးရာ တာဝန်ခံ နော်ခုန့် က ဆက်ပြောသည်။
လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံရေး အခင်းအကျင်း အနေအထားအရ ဒီမိုကရေစီနှင့် ဖက်ဒရယ် ပြည်ထောင်စု ကို တည်ဆောက်ရန်အတွက် တိုင်းရင်းသားပါတီများအနေဖြင့် အတူတကွ မဟာမိတ်ဖွဲ့ကာ ပူးပေါင်း လုပ် ဆောင်ရန်လိုအပ်နေပြီး ထိုသို့လုပ်ဆောင်နိုင်မှသာ မျှော်မှန်းထားသည့် ပန်းတိုင်ကို ရောက်ရှိနိုင်မည် ဟု ဆိုသည်။
KSDP ပါတီမှ ခူးဂျိုးဇက်က “ကျနော်တို့ မဟာမိတ်တွေ လုပ်နိုင်မယ် ဒီလိုသွား နိုင်မယ်ဆိုလို့ရှိရင်တော့ အ ကယ်၍များ ပြည်နယ်အသီးသီး တိုင်းအသီးသီး ဌာနေတိုင်းရင်းသားတွေ အနိုင်ရမယ်ဆိုလို့ရှိရင်တော့ ကျနော်တို့ မျှော်မှန်းထားတဲ့ ကျနော်တို့ ဖက်ဒရယ်ကို ဖော်ဆောင်သွားနိုင်မယ်လို့တော့ မျှော်လင့်တောပေါ့။ ဒီ လိုတိုင်းရင်းသား လူငယ် ပါတီအသီးသီးမှ ပေါင်းစည်းထားတဲ့ ၅ ပါတီပေါ့ ဆိုတော့ ကျနော်တို့ တကယ် သွား နိုင်မယ်ဆိုလို့ရှိရင် ဒါကျနော်တို့အတွက် ဘယ်လောက်ကောင်းမလဲပေါ့နော်” ဟု ဆက် ပြောသည်။
၂၀၂၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ပါတီအောင်နိုင်ရေး မဲဆွယ်စည်းရုံးရေးနှင့် ပတ်သက်၍ COVID- 19 ရောဂါဖြစ်ပွားနေသည့်အတွက် အခက် အခဲများစွာရှိသည်ဟု တိုင်းရင်းသား ပါတီများက ဆိုသည်။
ထိုအခက်အခဲများကြောင့် တိုင်းရင်းသား ပါတီများက ၎င်းတို့ယှဉ်ပြိုင်မည့် ပြည်နယ်နှင့် တိုင်းဒေသများ အ လိုက် ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် မဟာဗျူဟာချမှတ်ကာ လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဆိုသည်။
Zawgyi…
ဖက္ဒရယ္ေဖာ္ေဆာင္ရန္အတြက္ တိုင္းရင္းသား ပါတီမ်ား ပူးေပါင္းလုပ္ေဆာင္ရန္ ေဆြးေႏြး
သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ဇူလိုင္လ ၃၀ ရက္။
တိုင္းရင္းသား မိတ္ ဖက္ ပါတီ ၅ ခုမွ လူငယ္မ်ားက ၂၀၂၀ အေထြေထြ ေရြးေကာက္ပြဲ ေအာင္ႏိုင္ေရး မဟာဗ်ဴဟာ ေရးဆြဲႏိုင္ရန္အတြက္ ပထမဆံုးအႀကိမ္ ေတြ႕ဆံုေဆြးေႏြးေနသည္။
KSPP ပါတီမွ လူငယ္ေရးရာ တာ၀န္ခံ ေနာ္ခုန္႔က “က်ေနာ္တို႔ အတူတူ အလုပ္လုပ္ေနတာဟာ အစိုးရဖြဲ႔ ႏိုင္ေသာ ပါတီဆိုတဲ့ဟာ ျမန္မာျပည္သီးသန္႔ မရွိပါဘူး ဆိုတဲ့ဟာကို က်ေနာ္တို႔က ျပခ်င္တယ္။ က်ေနာ္တို႔ တိုင္းရင္းသားေတြ မပါပဲနဲ႔ အစိုးရ ဖြဲ႔ႏိုင္တဲ့ပါတီက သီးသန္႔မရွိပါဘူး။ အဲဒါကို message ေပးခ်င္တယ္။ က်ေနာ္တို႔ေတြ တိုင္းရင္းသားေတြ ပါလာမွသာလွ်င္ ၅၀ ရာခိုင္ႏႈန္းေက်ာ္တဲ့ဟာ ကို ပါတီႀကီးတစ္ခုခုက ရရွိမွာ ျဖစ္တယ္။” ဟု ေျပာသည္။
ကခ်င္ျပည္နယ္ ျပည္သူ႔ပါတီ KSPP၊ မြန္ညီၫြတ္ေရးပါတီ MUP၊ ကယား ျပည္နယ္ ဒီမိုကရက္တစ္ပါတီ KSDP၊ ခ်င္းအမ်ိဳးသား ဒီမိုကေရစီအဖြဲ႔ခ်ဳပ္ CNLD၊ ကရင္အမ်ိဳးသား ဒီမိုကရက္တစ္ပါတီ KNDP စသည့္ ပါတီ ၅ ခုမွ လူငယ္မ်ားက ၂၀၂၀ ေရြးေကာက္ပြဲ ေအာင္ႏိုင္ေရး မဟာဗ်ဴဟာ ေရးဆြဲႏိုင္ရန္ ကခ်င္ျပည္နယ္ ျမစ္ႀကီးနားၿမိဳ႕ရွိ KSPP ပါတီ ဗဟိုရံုးခ်ဳပ္တြင္ ေတြ႕ဆံုေဆြးေႏြး ေနၾကျခင္းျဖစ္သည္ဟု KSPP ပါတီမွ လူငယ္ေရးရာ တာ၀န္ခံ ေနာ္ခုန္႔က ေျပာသည္။
“က်ေနာ္တို႔ေတြ အတူတကြ မိတ္ဖက္ပါတီမ်ားဟာ ပူးေပါင္းၿပီးမွ အလုပ္လုပ္ေနပါၿပီဆိုတဲ့ message ကို လူထုကို သိေစခ်င္တယ္။ အခုက က်ေနာ္တို႔ ပူးေပါင္းလိုက္ၿပီ ဆိုတဲ့အခ်ိန္မွာ က်ေနာ္တို႔ဟာ အင္အားစု တစ္ခုအျဖင့္ က်ေနာ္တို႔ တည္ရွိေနၿပီဆိုတဲ့ဟာကို ေဖာ္ျပခ်င္တဲ့ဟာအတြက္ေၾကာင့္ရယ္ ဒါ ပထ မ အခ်က္။ ေနာက္ဒုတိယအခ်က္ကေတာ့ လူထုက ဒါကိုယံုၾကည္အားျဖင့္ က်ေနာ္တို႔ ျပည္နယ္မွာ ကိုယ္ စားျပဳအျဖစ္ ျဖစ္လာတဲ့ မိတ္ဖက္ ၅ ပါတီေပါ့ေနာ္။ အကုန္လံုးက ဒီလာမယ့္ ေရြးေကာက္ပြဲမွာ အႏိုင္ရရွိတဲ့ မဟာဗ်ဴဟာေတြကို က်ေနာ္တို႔ ေရးဆြဲၾကမယ္ဆိုတဲ့ အစီအစဥ္ျဖစ္ပါတယ္” ဟု ေျပာသည္။
ကယားျပည္နယ္ ဒီမိုကရက္တစ္ပါတီ KSDP ပါတီမွ လူငယ္ကိုယ္စားလွယ္ ခူးဂ်ိဳးဇက္ကလည္း “အဓိက ၂၀၂၀ အတြက္ ပါတီေအာင္ႏိုင္ေရးကို ဘယ္လိုသြားမလဲ။ က်ေနာ္တို႔ ဗ်ဴဟာေတြ အျမင္ ဖလွယ္တယ္ေပါ့ ေနာ္။ က်ေနာ္တို႔ ပါတီအခ်င္းခ်င္းေပါ့။ က်ေနာ္တို႔ အဓိက အျမင္မတူတဲ့ အျမင္ေတြကို က်ေနာ္တို႔ လာစု ေပါင္းၿပီးေတာ့မွ ဖလွယ္တယ္ဆိုေတာ့ က်ေနာ္တို႔ ျပည္နယ္အတြက္ ေကာင္းေကာင္းေလး က်ေနာ္တို႔ ျပန္ အသံုးခ်ႏိုင္ေအာင္ ဒါဖလွယ္တ့ဲသေဘာပါပဲ” ဟု ေျပာသည္။
ေတြ႕ဆံုေဆြးေႏြးပြဲကို ဇူလိုင္လ ၂၉ ရက္ေန႔မွ ၃၀ ရက္ေန႔အထိ ျပဳလုပ္မည္ျဖစ္ၿပီး ယခုေတြ႕ဆံု ေဆြးေႏြးပြဲမွ ျမန္မာႏိုင္ငံ၏ ႏိုင္ငံေရး အခင္းအက်င္း အေနအထား တစ္ခုကို ျပည္သူမ်ားအား သတင္းစကားေပးခ်င္ သည့္ အခ်က္လည္းပါသည္ ဟု KSPP ပါတီမွ လူငယ္ေရးရာ တာ၀န္ခံ ေနာ္ခုန္႔ က ဆက္ေျပာသည္။
လက္ရွိ ျမန္မာႏိုင္ငံ၏ ႏိုင္ငံေရး အခင္းအက်င္း အေနအထားအရ ဒီမိုကေရစီႏွင့္ ဖက္ဒရယ္ ျပည္ေထာင္စု ကို တည္ေဆာက္ရန္အတြက္ တိုင္းရင္းသားပါတီမ်ားအေနျဖင့္ အတူတကြ မဟာမိတ္ဖြဲ႔ကာ ပူးေပါင္း လုပ္ ေဆာင္ရန္လိုအပ္ေနၿပီး ထိုသို႔လုပ္ေဆာင္ႏိုင္မွသာ ေမွ်ာ္မွန္းထားသည့္ ပန္းတိုင္ကို ေရာက္ရွိႏိုင္မည္ ဟု ဆိုသည္။
KSDP ပါတီမွ ခူးဂ်ိဳးဇက္က “က်ေနာ္တို႔ မဟာမိတ္ေတြ လုပ္ႏိုင္မယ္ ဒီလိုသြား ႏိုင္မယ္ဆိုလို႔ရွိရင္ေတာ့ အ ကယ္၍မ်ား ျပည္နယ္အသီးသီး တိုင္းအသီးသီး ဌာေနတိုင္းရင္းသားေတြ အႏိုင္ရမယ္ဆိုလို႔ရွိရင္ေတာ့ က်ေနာ္တို႔ ေမွ်ာ္မွန္းထားတဲ့ က်ေနာ္တို႔ ဖက္ဒရယ္ကို ေဖာ္ေဆာင္သြားႏိုင္မယ္လို႔ေတာ့ ေမွ်ာ္လင့္ေတာေပါ့။ ဒီ လိုတိုင္းရင္းသား လူငယ္ ပါတီအသီးသီးမွ ေပါင္းစည္းထားတဲ့ ၅ ပါတီေပါ့ ဆိုေတာ့ က်ေနာ္တို႔ တကယ္ သြား ႏိုင္မယ္ဆိုလို႔ရွိရင္ ဒါက်ေနာ္တို႔အတြက္ ဘယ္ေလာက္ေကာင္းမလဲေပါ့ေနာ္” ဟု ဆက္ ေျပာသည္။
၂၀၂၀ ခုႏွစ္ အေထြေထြ ေရြးေကာက္ပြဲကို လာမည့္ ႏို၀င္ဘာလ ၈ ရက္ေန႔တြင္ က်င္းပျပဳလုပ္မည္ျဖစ္ၿပီး ပါတီေအာင္ႏိုင္ေရး မဲဆြယ္စည္းရံုးေရးႏွင့္ ပတ္သက္၍ COVID- 19 ေရာဂါျဖစ္ပြားေနသည့္အတြက္ အခက္ အခဲမ်ားစြာရွိသည္ဟု တိုင္းရင္းသား ပါတီမ်ားက ဆိုသည္။
ထိုအခက္အခဲမ်ားေၾကာင့္ တိုင္းရင္းသား ပါတီမ်ားက ၎တို႔ယွဥ္ၿပိဳင္မည့္ ျပည္နယ္ႏွင့္ တိုင္းေဒသမ်ား အ လိုက္ ေရြးေကာက္ပြဲ ေအာင္ႏိုင္ေရးအတြက္ မဟာဗ်ဴဟာခ်မွတ္ကာ လုပ္ေဆာင္ျခင္းျဖစ္သည္ဟု ဆိုသည္။