မိုင်းခုတ်ကျောက်မီးသွေးစီမံကိန်းကို ရပ်တန့်ပေးရန် ဒေသခံများတောင်းဆို

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်။

ရှမ်းပြည်နယ် အရှေ့ ပိုင်း မိုင်းဆတ်ခရိုင် မိုင်းခုတ်မြို့နယ်အတွင်းရှိ ကျောက်မီးသွေး တူးဖော်မည့် စီမံကိန်း သည် ဒေသခံ ပြည်သူ ၂၀၀၀ ကျော် ၏ အသက်မွေးဝမ်းကြောင်း၊ နေထိုင်ရေးနှင့် သဘာ၀ ပတ်ဝန်းကျင်ကို ထိခိုက်စေသည့်အတွက် စီမံကိန်းကို ရပ်တန့်ပေးရန် ဒေသခံများက တောင်းဆိုလိုက်သည်။

အောက်တိုဘာလ ၂၂ ရက်နေ့ ယမန်နေ့က ဒေသခံများက မိုင်းခုတ်မြို့နယ်အတွင်းရှိ မိုင်းဖုန်းဆရာတော် ဘုရား ဦးဆောင်တည်ထားသော စိုင်မိန်းဓာတ်တော်စေတီတော်တွင် စုပေါင်း၍ ဆုတောင်းပွဲ တစ်ရပ် ပြုလုပ် ကာ တောင်းဆိုခဲ့ဲသည်ဟု ရှမ်းသဘာ၀ ပတ်ဝန်းကျင် အဖွဲ့က ပြောသည်။

အဆိုပါဒေသအတွင်း ကျောက်မီးသွေး တူးဖော်သည့် စီမံကိန်းကို လုပ်ဆောင်မည်ဆိုပါက မိုင်းခုတ်ကျေးရွာ အပါအဝင် အနီးအနားရှိ ကျေးရွာ ၆ ရွာမှ ဒေသခံ ၂၀၀၀ ကျော်၏ လူမှုဘ၀ အဖုံဖုံကို ထိခိုက်ပျက်ဆီးစေနိုင် သည် သာမက ၎င်းကျောက်မီးသွေးတူးဖော်သည့် ကျောက်မီးသွေးကြောတစ်လျှောက်နှင့် ထိစပ်နေ သည့် ကျေးရွာများလည်း ထိခိုက်ပျက်ဆီးမှုများ နှင့် ကြုံရနိုင်သည့် အခြေအနေတွင် ရှိနေသည်ဟု ရှမ်းသဘာ၀ ပတ်ဝန်းကျင် ပြောရေးဆိုခွင့်ရှိသူ စိုင်းခေးဆိုင် က ပြောသည်။

“လူအပြင် သူ့ရဲ့ စားဝတ်နေရေးပါ ထိခိုက်မယ်။ အိမ်တွေပါ ထိခိုက်မယ်ပေါ့နော်။ နောက်တစ်ခုက သစ်တောတွေ ပြုန်းတီးမယ် နောက်တစ်ခုက တူးပြီးပြီဆိုလို့ရှိရင် သူ့ရဲ့ ဓာတုပစ္စည်းတွေက သူက ကျန်ခဲ့မှာကိုး နောက်ပြီးတော့ သူ့ရဲ့ အညစ်အကြေးတွေကလည်း ကျန်ခဲ့မယ်။ ဆိုတော့ အဲဒါက အကုန်လုံး အဆိပ်တွေ ဖြစ်တယ်ပေါ့နော် ဆိုတဲ့အတွက်ကြောင့် ဒီဟာကို ဆက်မလုပ်ဖို့ အတွက် ဒေသခံတွေက ဆုတောင်းပွဲ လုပ်ပြီးတော့ သူက ရပ်ဖို့ပေါ့နော်။ လုပ်ရခြင်းဖြစ် တယ်ပေါ့။”

အောက်တိုဘာလ ၂၂ ရက်နေ့ကလည်း အဆိုပါစီမံကိန်းနှင့် ပတ်သက်၍ ရှမ်းပြည်နယ် မြစ်ချောင်းများ လှုပ် ရှားမှုအဖွဲ့မှ ထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန် ခဲ့သည်။

ထိုထုတ်ပြန်ချက်ထဲတွင် မိုင်းခုတ်တွင် နေထိုင်ကြသော ဒေသခံဦးရေမှာ လူဦးရေ ၂၅၀၀ ရှိပြီး ရှမ်းလူမျိုး၊ လားဟူလူမျိုးနှင့် အာခါလူမျိုးတို့ အတူတကွ ရောနှောနေထိုင်ကြသည့် ဒေသတစ်ခု ဖြစ်သည်။ အကယ်၍ ဤ ကျောက်မီးသွေး လုပ်ငန်းများ တူးဖော်လုပ်ဆောင်ကြမည်ဆိုပါက ဒေသခံများအနေဖြင့် အိုးအိမ်များကို စွန့်ပစ်ပြီး ထွက်ခွာပေးရတော့မည်ဖြစ်သည်ဟု ပါရှိသည်။

“ဒီကနေ့ကျနော်တို့ ဆုတောင်းပွဲ ပြုလုပ်ရတဲ့ ရည်ရွက်ချက်တော့ ဘေးဘယာဝေး ကွာပြီး ကျောက်မီးသွေးတွေကို မူလအတိုင်းထားဖို့ပဲဖြစ်ပါတယ်။ တကယ်လို့ ဒီကျောက်မီးသွေးတူးဖြစ်မယ်ဆို ရင် ကျနော်တို့ရဲ့ လုပ်ကိုင်စားသောက်မယ့် မြေနေရာ သစ်တောနှင့် မြစ်ရေတွေကို ဖျက်ဆီးမှာပါ” ဟု ရှမ်းပြည် နယ် မြစ်ချောင်းများ လှုပ်ရှားမှုအဖွဲ့ မှ ထုတ်ပြန်ချက်ထဲတွင် ဒေသခံတစ်ဦးကို ကိုးကား ဖော်ပြထားသည်။

ကျောက်မီးသွေး တူးဖော်ရေး လုပ်ငန်းလုံခြုံရေးအတွက်ဟု ဆိုကာ ၎င်းနယ်တစ်ဝိုက်ပတ် လည်ကို မြန်မာအစိုးရ စစ်တပ်မှ အခြေစိုက်စခန်း ၃ ခု ကိုလည်း အင်အား အများအပြားဖြင့် တပ်စွဲထားပြီဖြစ် သည်ဟု ရှမ်းပြည်နယ် မြစ်ချောင်းများ လှုပ်ရှားမှုအဖွဲ့၏ ထုတ်ပြန်ချက်ထဲတွင် တွေ့ရသည်။

အဆိုပါစီမံကိန်းကို ထိုင်းနိုင်ငံရှိ SAHAKOL EQUIPMENT (SQ) Co.Ltd နှင့် မြန်မာနိုင်ငံရှိ GOLDEN LAKE Co.Ltd ကုမ္ပဏီတို့က ပူးပေါင်းပြီး အချိန်ကာလအားဖြင့် ၂၈ နှစ်ရှိ MOU လုပ်ငန်းဆိုင်ရာ စာချုပ်ကို ဇူလိုင်လ ၁၁ ရက်နေ့ ၂၀၁၉ ခုနှစ်တွင် ချုပ်ဆိုခဲ့သည်ဟု ဆိုသည်။ ထို့အပြင် အဆိုပါ စီမံကိန်းမှ ထိုင်းဘတ် ၂၇ ဘီလီယံ (အမေရိကန်ဒေါ်လာ ၈၉၀ သန်း) အမြတ်ရရှိကြမည်ဟု မျှော်မှန်းထားကြသည် ဟု သိရသည်။

ကျောက်မီးသွေးမှတစ်ဆင့် ထုတ်ယူသုံးစွဲနေသည့် စွမ်းအင်ကို ကမ္ဘာ့နိုင်ငံအသီးသီးက ဆိုးကျိုးဟု သိရှိပြီး ပိတ်သိမ်းနေသည့်အချိန်တွင် မြန်မာနိုင်ငံအနေဖြင့် ယခုကဲ့သို့ လုပ်ဆောင်နေခြင်းသည် တိုင်းပြည်၏ အနာဂတ်အတွက် စိုးရိမ်စရာဖြစ်နေသည်ဟု စိုင်းခေးဆိုင် က ဆက်ပြောသည်။

“တစ်ခြား နည်းပညာတွေကို သုံးနေတဲ့အချိန်မှာ ဒီကျောက်မီးသွေး စက်ရုံကို ပိတ်နေတဲ့အချိန်မှာ ကျနော်တို့က ထပြီးတော့ ဒီကျောက်မီးသွေးကို တူးလိုက်ရောင်းလိုက်ဆိုလို့ရှိရင် ဒါအနာဂတ် ကျနော်တို့ မြန်မာပြည်အတွက်ရော နောက်ကျနော်တို့ရဲ့ မျိုးဆက်ပေါ့ ရှေ့ရေးပေါ့နော် ကျနော်တို့က ပြဿနာကို မျိုးဆက်တွေကို ချန်ထား ပေးပြီးတော့ ဒီဟာတွေကိုပဲ ထုတ်မယ်ဆိုရင် မြန်မာပြည်ရဲ့ အနာဂတ်က သိပ်လှပမှာ မဟုတ်ဘူးပေါ့။ သူတို့ တူးပြီးရင် ကျန်ခဲ့မယ့် ဓာတုအဆိပ်တွေ ကျောက်မီးသွေး အကြွင်းအကျန်တွေကနေ သူတို့ နောက်ထပ် တစ်ခါ ထပ်ထိအုံးမယ်ဆိုတော့ ကျန်းမာရေးရှုထောင့်ကလည်း ထိခိုက်မှုက များတဲ့အတွက်ကြောင့် သူတို့ရပ် တန်းက ရပ်ဖို့။ ဒီစီမံကိန်းကို မလိုဘူး။”

ထိုင်းနိုင်ငံ (SQ) ကုမ္ပဏီနှင့် မြန်မာနိုင်ငံ (GOLDEN LAKE) ကုမ္ပဏီ တို့ ပူးပေါင်းပြီး ကျောက်မီးသွေး တူးဖော် ရေးအတွက် ပထမဦးဆုံး ထိုင်းဘတ် သန်း ၃၀၀ ဖြင့် ရင်းနှီးမြုပ်နှံခဲ့ကြကြောင်း၊ (SQ) ကုမ္ပဏီမှ ၇၀ ရာခိုင်နှုန်း၊ (GOLDEN LAKE ) ရွှေရေကန်ကုမ္ပဏီက ၃၀ ရာခိုင်နှုန်းဖြင့် ရယူကြပြီး တစ်နှစ်ကို ကျောက်မီးသွေးတန်ပေါင်း ၃၀၀,၀၀၀ ရရှိအောင် တူးဖော်ကြမည်ဖြစ်သည်ဟု ရှမ်းပြည်နယ် မြစ်ချောင်းများ လှုပ်ရှားမှုအဖွဲ့၏ ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းသည်။

ရရှိသည့် ကျောက်မီးသွေးအများစုကို ထိုင်းနိုင်ငံသို့ တင်ပို့ရန်ဖြစ်သည်။ ထို့အပြင် မဂ္ဂါဝပ် အား (၆၀၀) ထွက်ရှိသော ကျောက်မီးသွေးသုံး လျှပ်စစ် စက်ရုံကိုလည်း တည်ဆောက်ရန်ရည်ရွယ်ထားပြီး ထွက်ရှိသော လျှပ်စစ်များကို ထိုင်းနိုင်ငံအတွင်းသို့ တင်ပို့ဖြန့်ဖြူးကြမည်ဖြစ်သည်ဟု အဆိုပါ ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

ယခုပြန်လည် တူးဖော်မည့် ကျောက်မီးသွေးစီမံကိန်းသည့် ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်က ကျောက်မီးသွေးညို (Lignite) တူးဖော်ရန်အတွက် အီတာလျှီ-ထိုင်းကုမ္ပဏီကလည်း တူးဖော်ခွင့်ရထားကြပြီး ထိုင်းနိုင် ငံရှိ ပြည်သူများနှင့် ရှမ်းပြည်နယ်ရှိ ပြည်သူများက ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ကြသည့်အတွက် ၂၀၁၁ ခုနှစ်တွင် ရပ်ဆိုင်း ထားသည့် စီမံကိန်းဖြစ်သည် စိုင်းခေးဆိုင် က ပြောသည်။

…………………….

Zawgyi…

မိုင္းခုတ္ေက်ာက္မီးေသြးစီမံကိန္းကို ရပ္တန္႔ေပးရန္ ေဒသခံမ်ားေတာင္းဆို

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ ၂၃ ရက္။

ရွမ္းျပည္နယ္ အေရွ႕ ပိုင္း မိုင္းဆတ္ခ႐ိုင္ မိုင္းခုတ္ၿမိဳ႕နယ္အတြင္းရွိ ေက်ာက္မီးေသြး တူးေဖာ္မည့္ စီမံကိန္း သည္ ေဒသခံ ျပည္သူ ၂၀၀၀ ေက်ာ္ ၏ အသက္ေမြး၀မ္းေၾကာင္း၊ ေနထိုင္ေရးႏွင့္ သဘာ၀ ပတ္၀န္းက်င္ကို ထိခိုက္ေစသည့္အတြက္ စီမံကိန္းကို ရပ္တန္႔ေပးရန္ ေဒသခံမ်ားက ေတာင္းဆိုလိုက္သည္။

ေအာက္တိုဘာလ ၂၂ ရက္ေန႔ ယမန္ေန႔က ေဒသခံမ်ားက မိုင္းခုတ္ၿမိဳ႔နယ္အတြင္းရွိ မိုင္းဖုန္းဆရာေတာ္ ဘုရား ဦးေဆာင္တည္ထားေသာ စိုင္မိန္းဓာတ္ေတာ္ေစတီေတာ္တြင္ စုေပါင္း၍ ဆုေတာင္းပြဲ တစ္ရပ္ ျပဳလုပ္ ကာ ေတာင္းဆိုခဲ့ဲသည္ဟု ရွမ္းသဘာ၀ ပတ္၀န္းက်င္ အဖြဲ႔က ေျပာသည္။

အဆိုပါေဒသအတြင္း ေက်ာက္မီးေသြး တူးေဖာ္သည့္ စီမံကိန္းကို လုပ္ေဆာင္မည္ဆိုပါက မိုင္းခုတ္ေက်းရြာ အပါအ၀င္ အနီးအနားရွိ ေက်းရြာ ၆ ရြာမွ ေဒသခံ ၂၀၀၀ ေက်ာ္၏ လူမႈဘ၀ အဖံုဖံုကို ထိခိုက္ပ်က္ဆီးေစႏိုင္ သည္ သာမက ၎ေက်ာက္မီးေသြးတူးေဖာ္သည့္ ေက်ာက္မီးေသြးေၾကာတစ္ေလွ်ာက္ႏွင့္ ထိစပ္ေန သည့္ ေက်းရြာမ်ားလည္း ထိခိုက္ပ်က္ဆီးမႈမ်ား ႏွင့္ ႀကံဳရႏိုင္သည့္ အေျခအေနတြင္ ရွိေနသည္ဟု ရွမ္းသဘာ၀ ပတ္၀န္းက်င္ ေျပာေရးဆိုခြင့္ရွိသူ စိုင္းေခးဆိုင္ က ေျပာသည္။

“လူအျပင္ သူ႔ရဲ႕ စား၀တ္ေနေရးပါ ထိခိုက္မယ္။ အိမ္ေတြပါ ထိခိုက္မယ္ေပါ့ေနာ္။ ေနာက္တစ္ခုက သစ္ေတာေတြ ျပဳန္းတီးမယ္ ေနာက္တစ္ခုက တူးၿပီးၿပီဆိုလို႔ရွိရင္ သူ႔ရဲ႕ ဓာတုပစၥည္းေတြက သူက က်န္ခဲ့မွာကိုး ေနာက္ၿပီးေတာ့ သူ႔ရဲ႕ အညစ္အေၾကးေတြကလည္း က်န္ခဲ့မယ္။ ဆိုေတာ့ အဲဒါက အကုန္လံုး အဆိပ္ေတြ ျဖစ္တယ္ေပါ့ေနာ္ ဆိုတ့ဲအတြက္ေၾကာင့္ ဒီဟာကို ဆက္မလုပ္ဖို႔ အတြက္ ေဒသခံေတြက ဆုေတာင္းပြဲ လုပ္ၿပီးေတာ့ သူက ရပ္ဖို႔ေပါ့ေနာ္။ လုပ္ရျခင္းျဖစ္ တယ္ေပါ့။”

ေအာက္တိုဘာလ ၂၂ ရက္ေန႔ကလည္း အဆိုပါစီမံကိန္းႏွင့္ ပတ္သက္၍ ရွမ္းျပည္နယ္ ျမစ္ေခ်ာင္းမ်ား လႈပ္ ရွားမႈအဖဲြ႕မွ ထုတ္ျပန္ခ်က္တစ္ေစာင္ထုတ္ျပန္ ခဲ့သည္။

ထိုထုတ္ျပန္ခ်က္ထဲတြင္ မိုင္းခုတ္တြင္ ေနထိုင္ၾကေသာ ေဒသခံဦးေရမွာ လူဦးေရ ၂၅၀၀ ရွိၿပီး ရွမ္းလူမ်ိဳး၊ လားဟူလူမ်ိဳးႏွင့္ အာခါလူမ်ိဳးတို႔ အတူတကြ ေရာေႏွာေနထိုင္ၾကသည့္ ေဒသတစ္ခု ျဖစ္သည္။ အကယ္၍ ဤ ေက်ာက္မီးေသြး လုပ္ငန္းမ်ား တူးေဖာ္လုပ္ေဆာင္ၾကမည္ဆိုပါက ေဒသခံမ်ားအေနျဖင့္ အိုးအိမ္မ်ားကို စြန္႔ပစ္ၿပီး ထြက္ခြာေပးရေတာ့မည္ျဖစ္သည္ဟု ပါရွိသည္။

“ဒီကေန႔က်ေနာ္တို႔ ဆုေတာင္းပြဲ ျပဳလုပ္ရတဲ့ ရည္ရြက္ခ်က္ေတာ့ ေဘးဘယာေ၀း ကြာၿပီး ေက်ာက္မီးေသြးေတြကို မူလအတိုင္းထားဖို႔ပဲျဖစ္ပါတယ္။ တကယ္လို႔ ဒီေက်ာက္မီးေသြးတူးျဖစ္မယ္ဆို ရင္ က်ေနာ္တို႔ရဲ႕ လုပ္ကိုင္စားေသာက္မယ့္ ေျမေနရာ သစ္ေတာႏွင့္ ျမစ္ေရေတြကို ဖ်က္ဆီးမွာပါ” ဟု ရွမ္းျပည္ နယ္ ျမစ္ေခ်ာင္းမ်ား လႈပ္ရွားမႈအဖဲြ႕ မွ ထုတ္ျပန္ခ်က္ထဲတြင္ ေဒသခံတစ္ဦးကို ကိုးကား ေဖာ္ျပထားသည္။

ေက်ာက္မီးေသြး တူးေဖာ္ေရး လုပ္ငန္းလံုၿခံံဳေရးအတြက္ဟု ဆိုကာ ၎နယ္တစ္ဝိုက္ပတ္ လည္ကို ျမန္မာအစိုးရ စစ္တပ္မွ အေျခစိုက္စခန္း ၃ ခု ကိုလည္း အင္အား အမ်ားအျပားျဖင့္ တပ္စြဲထားၿပီျဖစ္ သည္ဟု ရွမ္းျပည္နယ္ ျမစ္ေခ်ာင္းမ်ား လႈပ္ရွားမႈအဖြဲ႔၏ ထုတ္ျပန္ခ်က္ထဲတြင္ ေတြ႕ရသည္။

အဆိုပါစီမံကိန္းကို ထိုင္းႏိုင္ငံရွိ SAHAKOL EQUIPMENT (SQ) Co.Ltd ႏွင့္ ျမန္မာႏိုင္ငံရွိ GOLDEN LAKE Co.Ltd ကုမၸဏီတို႔က ပူးေပါင္းၿပီး အခ်ိန္ကာလအားျဖင့္ ၂၈ ႏွစ္ရွိ MOU လုပ္ငန္းဆိုင္ရာ စာခ်ဳပ္ကို ဇူလိုင္လ ၁၁ ရက္ေန႔ ၂၀၁၉ ခုႏွစ္တြင္ ခ်ဳပ္ဆိုခဲ့သည္ဟု ဆိုသည္။ ထို႔အျပင္ အဆိုပါ စီမံကိန္းမွ ထိုင္းဘတ္ ၂၇ ဘီလီယံ (အေမရိကန္ေဒၚလာ ၈၉၀ သန္း) အျမတ္ရရွိၾကမည္ဟု ေမွ်ာ္မွန္းထားၾကသည္ ဟု သိရသည္။

ေက်ာက္မီးေသြးမွတစ္ဆင့္ ထုတ္ယူသံုးစြဲေနသည့္ စြမ္းအင္ကို ကမၻာ့ႏိုင္ငံအသီးသီးက ဆိုးက်ိဳးဟု သိရွိၿပီး ပိတ္သိမ္းေနသည့္အခ်ိန္တြင္ ျမန္မာႏိုင္ငံအေနျဖင့္ ယခုကဲ့သို႔ လုပ္ေဆာင္ေနျခင္းသည္ တိုင္းျပည္၏ အနာဂတ္အတြက္ စိုးရိမ္စရာျဖစ္ေနသည္ဟု စိုင္းေခးဆိုင္ က ဆက္ေျပာသည္။

“တစ္ျခား နည္းပညာေတြကို သံုးေနတဲ့အခ်ိန္မွာ ဒီေက်ာက္မီးေသြး စက္ရံုကို ပိတ္ေနတဲ့အခ်ိန္မွာ က်ေနာ္တို႔က ထၿပီးေတာ့ ဒီေက်ာက္မီးေသြးကို တူးလိုက္ေရာင္းလိုက္ဆိုလို႔ရွိရင္ ဒါအနာဂတ္ က်ေနာ္တို႔ ျမန္မာျပည္အတြက္ေရာ ေနာက္က်ေနာ္တို႔ရဲ႕ မ်ိဳးဆက္ေပါ့ ေရွ႕ေရးေပါ့ေနာ္ က်ေနာ္တို႔က ျပႆနာကို မ်ိဳးဆက္ေတြကို ခ်န္ထား ေပးျပီးေတာ့ ဒီဟာေတြကိုပဲ ထုတ္မယ္ဆိုရင္ ျမန္မာျပည္ရဲ႕ အနာဂတ္က သိပ္လွပမွာ မဟုတ္ဘူးေပါ့။ သူတို႔ တူးၿပီးရင္ က်န္ခဲ့မယ့္ ဓာတုအဆိပ္ေတြ ေက်ာက္မီးေသြး အႂကြင္းအက်န္ေတြကေန သူတို႔ ေနာက္ထပ္ တစ္ခါ ထပ္ထိအံုးမယ္ဆိုေတာ့ က်န္းမာေရးရႈေထာင့္ကလည္း ထိခိုက္မႈက မ်ားတဲ့အတြက္ေၾကာင့္ သူတို႔ရပ္ တန္းက ရပ္ဖို႔။ ဒီစီမံကိန္းကို မလိုဘူး။”

ထိုင္းႏိုင္ငံ (SQ) ကုမၸဏီႏွင့္ ျမန္မာႏိုင္ငံ (GOLDEN LAKE) ကုမၸဏီ တို႔ ပူးေပါင္းၿပီး ေက်ာက္မီးေသြး တူးေဖာ္ ေရးအတြက္ ပထမဦးဆံုး ထိုင္းဘတ္ သန္း ၃၀၀ ျဖင့္ ရင္းႏွီးျမဳပ္ႏွံခဲ့ၾကေၾကာင္း၊ (SQ) ကုမၸဏီမွ ၇၀ ရာခိုင္ႏႈန္း၊ (GOLDEN LAKE ) ေရႊေရကန္ကုမၸဏီက ၃၀ ရာခိုင္ႏႈန္းျဖင့္ ရယူၾကၿပီး တစ္ႏွစ္ကို ေက်ာက္မီးေသြးတန္ေပါင္း ၃၀၀,၀၀၀ ရရွိေအာင္ တူးေဖာ္ၾကမည္ျဖစ္သည္ဟု ရွမ္းျပည္နယ္ ျမစ္ေခ်ာင္းမ်ား လႈပ္ရွားမႈအဖဲြ႕၏ ထုတ္ျပန္ခ်က္ထဲတြင္ ထည့္သြင္းသည္။

ရရွိသည့္ ေက်ာက္မီးေသြးအမ်ားစုကို ထိုင္းႏိုင္ငံသို႔ တင္ပို႔ရန္ျဖစ္သည္။ ထို႔အျပင္ မဂၢါ၀ပ္ အား (၆၀၀) ထြက္ရွိေသာ ေက်ာက္မီးေသြးသံုး လွ်ပ္စစ္ စက္ရံုကိုလည္း တည္ေဆာက္ရန္ရည္ရြယ္ထားၿပီး ထြက္ရွိေသာ လွ်ပ္စစ္မ်ားကို ထိုင္းႏိုင္ငံအတြင္းသို႔ တင္ပို႔ျဖန္႔ျဖဴးၾကမည္ျဖစ္သည္ဟု အဆိုပါ ထုတ္ျပန္ခ်က္ထဲတြင္ ပါရွိသည္။

ယခုျပန္လည္ တူးေဖာ္မည့္ ေက်ာက္မီးေသြးစီမံကိန္းသည့္ ၿပီးခဲ့သည့္ ၂၀၀၈ ခုႏွစ္က ေက်ာက္မီးေသြးညိဳ (Lignite) တူးေဖာ္ရန္အတြက္ အီတာလ်ီွ-ထိုင္းကုမၸဏီကလည္း တူးေဖာ္ခြင့္ရထားၾကၿပီး ထိုင္းႏိုင္ ငံရွိ ျပည္သူမ်ားႏွင့္ ရွမ္းျပည္နယ္ရွိ ျပည္သူမ်ားက ျပင္းျပင္းထန္ထန္ ဆန္႔က်င္ကန္႔ကြက္ၾကသည့္အတြက္ ၂၀၁၁ ခုႏွစ္တြင္ ရပ္ဆိုင္း ထားသည့္ စီမံကိန္းျဖစ္သည္ စိုင္းေခးဆိုင္ က ေျပာသည္။