EAO အလုပ်အဖွဲ့ဉီးဆောင်မှုနေရာတွင် အမျိုးသမီးတစ်ဦးကို တာဝန်ပေး
သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်။
တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အလုပ်အဖွဲ့ PPWT ၏ ထိပ်တန်းခေါင်းဆောင်နေရာတစ်နေရာကို ပထမဆုံး အဖြစ် အမျိုးသမီး တစ်ဦးကို တာဝန်ပေးအပ်ခဲ့သည်။
PPWT ၏ ဒုတိယအဖွဲ့ခေါင်းဆောင်နေရာကို ပအို့ဝ်အမျိုးသမီးတစ်ဦးဖြစ်သော နန်းယဉ်ယဉ်စိုးကို တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်သည်။
NCA အပစ်ရပ်စာချူပ် သဘောတူလက်မှတ်ရေးထိုးထားကြသော တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ ၁၀ ဖွဲ့၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ကောင်အထည်ဖော်လုပ်ဆောင်သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အလုပ်အဖွဲ့ PPWT အဖွဲ့ခေါင်းဆောင် ဆလိုင်း ထလာဟေး က ဦးဆောင်ပြီး အဖွဲ့ဝင် ၈ ဦးနဲ့ ဆောင်ရွက်နေရာမှ ဒုတိယ အဖွဲ့ခေါင်းဆောင်အဖြစ် အမျိုးသမီးတစ်ဦးကို တာဝန်ပေးအပ်လိုက်ခြင်းဖြစ်သည်။
PPST က ချမှတ်တဲ့မူဝါဒတွေကို တတ်စွမ်းသမျှ ပူးပေါင်းလုပ်ဆောင်သွားမည် ဖြစ်သည့်အပြင် အမျိုးသမီးခေါင်းဆောင်များ ထပ်မံပါဝင်လာနိုင်ရန်လည်း ကြိုးစားသွားမည်ဟု ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အလုပ်အဖွဲ့ ဒုတိယအဖွဲ့ခေါင်းဆောင် နန်းယဉ်ယဉ်စိုးက ပြောသည်။
“ဒီ PPST ကလည်းမူဝါဒ ချမှတ်ထားပြီးဖြစ်တယ်၊ အဲ့ဒီအတွက်ကြောင့်မိုလို့ ပိုမိုပြီးတော့ ကျမတို့ အမျိုးသမီးတွေ အပါအဝင် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်လာနိုင်ရေးအတွက် ကျမတို့ အခြားအဖွဲ့အစည်းတွေအနေနဲ့ရော အရပ်ဖက်အဖွဲ့အစည်းတွေ အနေနဲ့ရော ဆက်စပ်အဖွဲ့အစည်းတွေ အနေနဲ့ရောပေါ့နော် ဆက်လက်ပြီးတော့မှ ကျမဒီထက်ပိုမိုပါဝင်နိုင်ရေးအတွက် ကျိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်သလို ချမှတ်ဖော်ဆောင်မည့် ပေါ်လစီ မူဝါဒ အပိုင်းအထိ အမျိုးသမီးခေါင်းဆောင်တွေ ပါဝင်လာဖို့အရေး ဆုံးဖြတ်ချက်ချတဲ့နေရာမှာ ပါဝင်လာနိုင်ဖို့အရေးကိုလည်း နောက်တဆင့်တက်လှမ်းနိုင်ဖို့အတွက် ကျမတို့ အမျိုးသမီးတွေ အနေနဲ့ ပိုမိုပြီးတော့ ကိုယ်စားပြု ဆောင်ရွက်ရမည့် အနေအထားမှာ ရှိတယ်ဆိုတာကို လည်း ထပ်လောင်းပြီးတော့ ပြောကြားချင်ပါတယ်။”
၂၀၁၈ ခုနှစ် စက်တင်ဘာလကဖွဲ့စည်းခဲ့သည့် PPWT ကို NCA လက်မှတ်ရေးထိုးထားကြသော တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ ၈ ဖွဲ့မှ ကိုယ်စားလှယ် တစ်ဦးကျစီဖြင့် ပြန်လည်ဖွဲ့စည်းခဲ့ရာ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချူပ် PNLO ကိုယ်စား နန်းယဉ်ယဉ်စိုး ပါဝင်ခွင့်ရခဲ့ခြင်းဖြစ်သည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအကောင်အထည်ဖော်ဆောင်မှုအဆင့်ဆင့်တွင် အမျိုးသမီးများ ပါဝင်မှုတိုးမြင့်ရေးအတွက် အမျိုးသမီးများ ပိုမိုပါဝင်နိုင်ရန် အမျိုးသမီး အဖွဲ့များက အစဉ်တစိုက်တောင်းဆိုခဲ့ကြပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကလည်း အနည်းဆုံး ၃၀ ရာနှုန်းပါဝင်ခွင့်ပြုရန် မူအားဖြင့်သဘောတူထားပြီးဖြစ်သော်လည်း အမျိုးသမီးပါဝင်မှုမှာ နိမ့်ကျနေဆဲဖြစ်သည်။
“တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းမှာ စံအနေနဲ့တော့ အခုဆိုလို့ရှိရင် PPWT မှာ နန်းယဉ်ယဉ်စိုး ကို ဒုတိယခေါင်းဆောင်အဖြစ် ရွေးချယ်တင်မြောက်လိုက်ပြီး ဖြစ်ပါတယ်။ ဒါကိုကျမတို့ ကြိုဆိုတယ်၊ ရှေ့မှာလည်းပဲ အမျိုးသမီး အမျိုးသား ဆိုပြီးတော့မှ ခွဲခြားတာမျိုးမရှိပဲနဲ့ ထိုက်တန်တဲ့အတိုင်း အမျိုးသမီးတွေကို နေရာပေးလာလိမ့်မယ် လို့လည်း ကျမတို့အနေနဲ့ မျှော်လင့်ပါတယ်။” ဟု ရခိုင်အမျိုးသမီးအစည်းအရုံး RWU ၏ ဉက္ကဌ စောမြရာဇာလင်းက ပြောသည်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အောက်တိုဘာလ ၁၂ ရက်နေ့မှာ ကျင်းပပြီးစီးခဲ့သော ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့၏ ၅ ကြိမ်မြောက် အစည်းအဝေးမှာ PPWT ၏ လစ်လပ်နေသော ဒုတိယအဖွဲ့ခေါင်းဆောင် နေရာကို ပြန်လည်ရွေးချယ်ခန့်အပ်ခဲ့ရာတွင် ဦးဆောင်ရန် နန်းယဉ်ယဉ်စိုး ကို တက်ရောက်လာတဲ့ ခေါင်းဆောင် ကိုယ်စားလှယ်များက ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
……………………………….
Zawgyi….
EAO အလုပ္အဖြဲ႕ဉီးေဆာင္မႈေနရာတြင္ အမ်ိဳးသမီးတစ္ဦးကို တာဝန္ေပး
သတင္းႏွင့္ မီဒီယာကြန္ရက္။
၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ ၁၄ ရက္။
တိုင္းရင္းသား လက္နက္ကိုင္ ေတာ္လွန္ေရး အဖြဲ႕အစည္းမ်ား၏ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ အလုပ္အဖြဲ႕ PPWT ၏ ထိပ္တန္းေခါင္းေဆာင္ေနရာတစ္ေနရာကို ပထမဆုံး အျဖစ္ အမ်ိဳးသမီး တစ္ဦးကို တာဝန္ေပးအပ္ခဲ့သည္။
PPWT ၏ ဒုတိယအဖြဲ႕ေခါင္းေဆာင္ေနရာကို ပအို႔ဝ္အမ်ိဳးသမီးတစ္ဦးျဖစ္ေသာ နန္းယဥ္ယဥ္စိုးကို တာဝန္ေပးအပ္ခဲ့ျခင္းျဖစ္သည္။
NCA အပစ္ရပ္စာခ်ဴပ္ သေဘာတူလက္မွတ္ေရးထိုးထားၾကေသာ တိုင္းရင္းသား လက္နက္ကိုင္ ေတာ္လွန္ေရး အဖြဲ႕ ၁၀ ဖြဲ႕၏ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ ေကာင္အထည္ေဖာ္လုပ္ေဆာင္သည့္ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ အလုပ္အဖြဲ႕ PPWT အဖြဲ႕ေခါင္းေဆာင္ ဆလိုင္း ထလာေဟး က ဦးေဆာင္ၿပီး အဖြဲ႕ဝင္ ၈ ဦးနဲ႔ ေဆာင္႐ြက္ေနရာမွ ဒုတိယ အဖြဲ႕ေခါင္းေဆာင္အျဖစ္ အမ်ိဳးသမီးတစ္ဦးကို တာဝန္ေပးအပ္လိုက္ျခင္းျဖစ္သည္။
PPST က ခ်မွတ္တဲ့မူဝါဒေတြကို တတ္စြမ္းသမွ် ပူးေပါင္းလုပ္ေဆာင္သြားမည္ ျဖစ္သည့္အျပင္ အမ်ိဳးသမီးေခါင္းေဆာင္မ်ား ထပ္မံပါဝင္လာႏိုင္ရန္လည္း ႀကိဳးစားသြားမည္ဟု ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္အလုပ္အဖြဲ႕ ဒုတိယအဖြဲ႕ေခါင္းေဆာင္ နန္းယဥ္ယဥ္စိုးက ေျပာသည္။
“ဒီ PPST ကလည္းမူဝါဒ ခ်မွတ္ထားၿပီးျဖစ္တယ္၊ အဲ့ဒီအတြက္ေၾကာင့္မိုလို႔ ပိုမိုၿပီးေတာ့ က်မတို႔ အမ်ိဳးသမီးေတြ အပါအဝင္ ၿငိမ္းခ်မ္းေရးျဖစ္စဥ္မွာ ပါဝင္လာႏိုင္ေရးအတြက္ က်မတို႔ အျခားအဖြဲ႕အစည္းေတြအေနနဲ႔ေရာ အရပ္ဖက္အဖြဲ႕အစည္းေတြ အေနနဲ႔ေရာ ဆက္စပ္အဖြဲ႕အစည္းေတြ အေနနဲ႔ေရာေပါ့ေနာ္ ဆက္လက္ၿပီးေတာ့မွ က်မဒီထက္ပိုမိုပါဝင္ႏိုင္ေရးအတြက္ က်ိဳးပမ္းေဆာင္႐ြက္သြားမွာ ျဖစ္သလို ခ်မွတ္ေဖာ္ေဆာင္မည့္ ေပၚလစီ မူဝါဒ အပိုင္းအထိ အမ်ိဳးသမီးေခါင္းေဆာင္ေတြ ပါဝင္လာဖို႔အေရး ဆုံးျဖတ္ခ်က္ခ်တဲ့ေနရာမွာ ပါဝင္လာႏိုင္ဖို႔အေရးကိုလည္း ေနာက္တဆင့္တက္လွမ္းႏိုင္ဖို႔အတြက္ က်မတို႔ အမ်ိဳးသမီးေတြ အေနနဲ႔ ပိုမိုၿပီးေတာ့ ကိုယ္စားျပဳ ေဆာင္႐ြက္ရမည့္ အေနအထားမွာ ရွိတယ္ဆိုတာကို လည္း ထပ္ေလာင္းၿပီးေတာ့ ေျပာၾကားခ်င္ပါတယ္။”
၂၀၁၈ ခုႏွစ္ စက္တင္ဘာလကဖြဲ႕စည္းခဲ့သည့္ PPWT ကို NCA လက္မွတ္ေရးထိုးထားၾကေသာ တိုင္းရင္းသား လက္နက္ကိုင္ ေတာ္လွန္ေရး အဖြဲ႕ ၈ ဖြဲ႕မွ ကိုယ္စားလွယ္ တစ္ဦးက်စီျဖင့္ ျပန္လည္ဖြဲ႕စည္းခဲ့ရာ ပအို႔ဝ္အမ်ိဳးသား လြတ္ေျမာက္ေရးအဖြဲ႕ခ်ဴပ္ PNLO ကိုယ္စား နန္းယဥ္ယဥ္စိုး ပါဝင္ခြင့္ရခဲ့ျခင္းျဖစ္သည္။
ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ားအေကာင္အထည္ေဖာ္ေဆာင္မႈအဆင့္ဆင့္တြင္ အမ်ိဳးသမီးမ်ား ပါဝင္မႈတိုးျမင့္ေရးအတြက္ အမ်ိဳးသမီးမ်ား ပိုမိုပါဝင္ႏိုင္ရန္ အမ်ိဳးသမီး အဖြဲ႕မ်ားက အစဥ္တစိုက္ေတာင္းဆိုခဲ့ၾကၿပီး တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕အစည္းမ်ားကလည္း အနည္းဆုံး ၃၀ ရာႏႈန္းပါဝင္ခြင့္ျပဳရန္ မူအားျဖင့္သေဘာတူထားၿပီးျဖစ္ေသာ္လည္း အမ်ိဳးသမီးပါဝင္မႈမွာ နိမ့္က်ေနဆဲျဖစ္သည္။
“တိုင္းရင္းသား လက္နက္ကိုင္ ေတာ္လွန္ေရး အဖြဲ႕အစည္းမွာ စံအေနနဲ႔ေတာ့ အခုဆိုလို႔ရွိရင္ PPWT မွာ နန္းယဥ္ယဥ္စိုး ကို ဒုတိယေခါင္းေဆာင္အျဖစ္ ေ႐ြးခ်ယ္တင္ေျမာက္လိုက္ၿပီး ျဖစ္ပါတယ္။ ဒါကိုက်မတို႔ ႀကိဳဆိုတယ္၊ ေရွ႕မွာလည္းပဲ အမ်ိဳးသမီး အမ်ိဳးသား ဆိုၿပီးေတာ့မွ ခြဲျခားတာမ်ိဳးမရွိပဲနဲ႔ ထိုက္တန္တဲ့အတိုင္း အမ်ိဳးသမီးေတြကို ေနရာေပးလာလိမ့္မယ္ လို႔လည္း က်မတို႔အေနနဲ႔ ေမွ်ာ္လင့္ပါတယ္။” ဟု ရခိုင္အမ်ိဳးသမီးအစည္းအ႐ုံး RWU ၏ ဉကၠဌ ေစာျမရာဇာလင္းက ေျပာသည္။
ထိုင္းႏိုင္ငံ ခ်င္းမိုင္ၿမိဳ႕တြင္ ေအာက္တိုဘာလ ၁၂ ရက္ေန႔မွာ က်င္းပၿပီးစီးခဲ့ေသာ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ ဦးေဆာင္အဖြဲ႕၏ ၅ ႀကိမ္ေျမာက္ အစည္းအေဝးမွာ PPWT ၏ လစ္လပ္ေနေသာ ဒုတိယအဖြဲ႕ေခါင္းေဆာင္ ေနရာကို ျပန္လည္ေ႐ြးခ်ယ္ခန႔္အပ္ခဲ့ရာတြင္ ဦးေဆာင္ရန္ နန္းယဥ္ယဥ္စိုး ကို တက္ေရာက္လာတဲ့ ေခါင္းေဆာင္ ကိုယ္စားလွယ္မ်ားက ေ႐ြးခ်ယ္ခဲ့ျခင္းျဖစ္သည္။